-သင့် Facebook အကောင့် လုံခြုံရေးအတွက် ပထမဆုံး လုပ်ဆောင်ရမည့် အချက်မှာ Security Question ပေးရန်ဖြစ်သည်။
Security Question ပေးရန်အတွက်
https://www.facebook.com/settings?tab=security သို့သွားပါ။
Security Question ဆိုတဲ့ ဟာကို နှိပ်ပြီး ပေးပါ။သတိထားရမှာက အဲ့ဒီ Facebook Security Question ကို Update လုပ်လို့မရလို့ မိမိ ပေးထားတဲ့ အဖြေကို သေချာမှတ်ထားပါ။
လွယ်လင့်တကူအဖြေမျိုးလည်း မဖြစ်ပါစေနှင့်။ ဥပမာ - သင့်မိခင်၏ မွေးရပ်မြေ ဟုရွေးချယ်ထားလှျင်
Yangon,Mandalay စသည်ဖြင့် မထည့်ပါနှင့်။မှားယွင်းသောအဖြေ ဖြည့်စွတ်သောကြောင့်လည်း သင့်ကို Facebook မှ တရားမစွဲပါ။(မေ့တော့မမေ့သွားစေနဲ့ပေါ့)
-Facebook အတွက် အသုံးပြုသော Email ကို နှစ်ခုသုံးပါ။Email နှစ်ခု တစ်ပြိုင်နက်ထားခိုင်းခြင်းကိုဆိုလိုပါသည်။ထိုသို့မှ
မိမိအကောင့် Hack ခံရလျင် နောက် Mail တစ်ခုဖြင့် Recover လုပ်နိုင်ပါမည်။
အတက်နိုင်ဆုံး Facebook Acoount အတွက် Mail ကို မိမိ Personal Email ဖြင့် မပြုလုပ်သည်မှာ အသင့်တော်ဆုံးဖြစ်သည်။
-Secure Browsing ကို On ထားပါ…ထိုသို့မှ Https ဖြင့်သွားသည်ဖြစ်သောကြောင့် Data များကို ကြားဖြတ်ရယူခံရခြင်းမှ ကင်းလွတ်ပါမည်။
-Login Notifications ကို လည်း On ပေးထားပါ။မိမိ မသတ်မှတ်ထားသော Devices မှ မိမိအကောင့်ကို ဝင်ရန် ကြိုးစားမှုကို Email သို့မဟုတ် Phone Te×t Message ပေးပို့ပေးပါမည်။
(ဥပမာ - သင့်အိမ်က ကွန်ပြူတာ Device မှာ သင့် Facebook အကောင့်ကို Save လုပ်ထားလျင် သင် Save မလုပ်ထားသော အခြား PC/Device များမှ သင့်အကောင့်ကို ဝင်ရန်ကြိုးစားနေမှုကို သင်ရွေးချယ်ထားသော Option အတိုင်း Facebook မှ အသိပေးမည်ဖြစ်သည်)
-Login Approvals ပြုလုပ်ထားပါက သင် Save မလုပ်ထားသော unrecognized Computer/Device များမှ သင့်အကောင့်ကို Access ပြုလုပ်လိုလှျင် Facebook ထံမှ Code တစ်ခါတောင်းရသည့် စနစ်ဖြစ်သည်။
(အနည်းငယ်အလုပ်ရှုတ်သော်လည်း သူတစ်ပါးလက်ထဲသို့ မရောက်အောင် တားဆီးနိုင်သည့် အဓိက နည်းလမ်းဖြစ်သည်)
-Active Sessions ကို ပုံမှန် စစ်ဆေးပါ။မူမမှန်သော Login ဝင်ရောက်မှုအတွက် (ဥပမာ - များသောအားဖြင့် နိုင်ငံရပ်ခြား IP များမှ ဝင်ရောက်ခြင်း) ကို Facebook မှ သတိပေးချက်ထုတ်ပြန်တက်ပါသည်။
-IP မကြာခဏ ပြောင်းလဲ အသုံးမပြုပါနှင့်။အကောင့် Lock ကျတက်သည်၊ယာယီ ပိတ်ခံရတက်သည်။
-Free Wifi နေရာတွေမှာ Facebook ကို ဖြစ်နိုင်လျင်မသုံးပါနှင့်။Same Network တစ်ခုထဲမှာ ဆိုလျင် မိမိ သုံးနေသည့် အကောင့်ထဲကို ဝင်ရောက်ပြီး အသုံးပြုသွားနိုင်သည့် Software များ ရှိပါသည်။
https://www.facebook.com/photo.php?fbid=299505093493093&set=a.271442816299321.56262.271306076312995&type=1&relevant_count=1
- မိမိ အကောင့်ကို 3 Friend Method ဖြင့် Hack ပြုလုပ်သွားနိုင်ပါသည်။ထို ့ကြောင့် လာ Add သော အကောင့်တိုင်း လက်ခံသင့် မခံသင့် သေချာစဥ်းစားပါ။
-Account Password ကို Dictionary ထဲတွင် ရှိသော စကားလုံးများမသုံးပါနှင့်။!@#$% စသည့် စကားလုံးများ ကြားညှပ်၍သုံးပါ။
-နောက်ဆုံးအနေဖြင့် မိမိ အကောင့် လုံးဝ အဟက်ခံလိုက်ရပြီဆိုလျင် ယခင် Password အဟောင်း ဖြင့် အဟက်ခံရသော မိမိ အကောင့် မည်သူမှ အသုံးပြုလို့ မရအောင် Lock ချနိုင်ပါသည်။ယခုတစ်လော မြန်မာ့ရေကိုသောက် မြန်မာ့မြေမှာနေပြီး မြန်မာပြည်သူ ပြည်သား တို့၏ အကောင့်များ၊Group များ ကို ရသည့်နည်းဖြင့် လိုက်ဖျက်စီးနေသော ကောင်များ ရှိနေပါသည်။
ထို့ကြောင့် မြန်မာပြည်ကို ချစ်သော မြန်မာပြည်သူ ပြည်သားများ အားလုံး အတွက် ရည်ရွယ်၍ ရေးသားလိုက်ခြင်းဖြစ်ပါသည်။
အားလုံးသော မြန်မာပြည်သားများ အင်တာနက်သုံးစွဲရာမှာ အဆင်ပြေပါစေ။
credit: MHPG