Deep Freeze ကိုတော့ ကွန်ပြူတာ အသုံးပြုသူတော်တော်များများကြားဖူးနေပါလိမ့်မယ်။
Deep Freeze ကို အကြမ်းဖျင်းပြောရရင် System Restore ပါပဲ။ ဒါပေမယ့် System ပိုင်းတင်မကပါဘူး files တွေ data တွေပါ ပုံမှန်အနေအထား (restore point) သို့ ပြန်သွားစေပါတယ်။ များသောအားဖြင့် အင်တာနက်ဆိုင်တွေမှာ အသုံးများပါတယ်။

Deep Freeze က စိတ်၀င်စားဖို့ကောင်းပါတယ်။ သူအလုပ်လုပ်ပုံက ၀င်းဒိုးစ်ရဲ့ System Restore နဲ့ဆင်တူပါတယ်။ ပိုပြီး ပါဝါမြင့်ပါတယ်။ Deep Freeze က System File တွေကိုသာမက Data File တွေကိုပါ Restore လုပ်ပါတယ်။ Deep Freeze က ၀င်းဒိုးစ် ရီစတတ်လုပ်ပြီးတိုင်းမှာ ဖိုင်တွေအားလုံးကို မူလအခြေအနေပြန်ရောက်သွားစေပါတယ်။ ဆိုလိုတာက -
စက်တလုံးမှာရှိနေတဲ့ ဆော့ဝဲအချို့ကိုဖျက်ပစ်မယ် ... ဖိုင်အချို့ကိုဖျက်ပစ်မယ် ... အဲဒီဖိုင်တွေ ဆော့ဝဲတွေဟာ ဝင်းဒိုးစ်ပြန်ဖွင့်တဲ့အခါ ပြန်ရှိနေမှာဖြစ်ပါတယ်။
ဖိုင်အဟောင်းဖျက်ပစ်တာတွေ ပြန်ပေါ်လာသလို ဖိုင်အသစ် ထပ်ပြီးသိမ်းထားတာမျိုးကိုလည်း ခွင့်မပြုပါဘူး။ အသစ်ထပ် ထည့်ထားတဲ့ ဖိုင်တွေအားလုံး ရီစတတ်လုပ်အပြီးမှာ ပျောက်သွားပါလိမ့်မယ်။ အသစ်၀င်ရောက်လာတဲ့ ဗိုင်းရပ်စ်တို့အပါ အဝင်ပေါ့လေ။ အားလုံးပျောက်သွားပါမယ်။

Download PDF - mediafire (အသုံးပြုနည်း PDF download ရန်)
Download Deep Freeze Standard + Keygen - mediafire | dropbox 

6 comments: