
Connection နှေးနေတဲ့နေရာတွေမှာဆိုရင် သီချင်းတွေ၊ Videoတွေကိုဆွဲရမည်ဆိုပါက Internet Download Manager ကို အရင်ဆုံး စက်ထဲသွင်းဖြစ်လိမ့်မည်ထင်ပါတယ်။
ဒါကြောင့်...လူအသုံးများတဲ့ IDM ကို အမြင့်ဆုံး Speed ထိ မိုင်ကုန်တင်ပြီး Download ဆွဲနိုင်ရင်ကော ပိုမမိုက်ဘူးလား...
ကလိကြည့်ချင်တဲ့ ဆိုရင်တော့ ဒီနည်းလေးအတိုင်း လိုက်လုပ်ကြည့်ပေးပါ...
နည်းလေးလေးနှစ်မျိုးနဲ့ မိတ်ဆက်ပေးပါမယ်။
ပထမနည်းလမ်းက Manually လုပ်ရတာပါ။
- - IDM ကိုဖွင့်ပါ။
- - Download > Options > Connections Tab ကိုသွားပါ။
- - Connection Type/Speed ကို Other လို့ရွေးပါ။
- - ဘေးနားက bps ကို 83886080 လို့ထည့်ပေးပါ။
- - Default Max. Con. Number ကို 16 လို့ရွေးပေးပါ။
- - Ok နှိပ်ပါ။
- - IDM ကို Restart လုပ်ပါ။
ဒုတိယနည်းလမ်းကတော့ Tool လေးတစ်ခုနဲ့ လုပ်ရတာပါ။
နာမည်ကတော့ IDM Optimizer လို့ခေါ်ပါတယ်။
အရင်ဆုံး ဒီလင့် (IDMOptimizer) လေးကနေ Download ဆွဲယူပေးပါ။
ပြီးရင် Unzip လုပ်ပြီး Program ကို Run ပေးပါ။
ပြီး...Ma×imize Now! ကို နှိပ်၊ IDM ကို Restart ချလိုက်ရင် စတင်အသုံးပြုလို့ရပါပြီ။
အရင် ပုံမှန်အတိုင်းပြန်ထားချင်ရင်တော့ Restore Default ပေါ့...
ဒါကတော့ IDM Speed မြှင့်ပြီး စမ်းကြည့်ချင်သူများအတွက် အသုံးတည့်မယ့် နည်းလမ်းနှစ်မျိုးပါခင်ဗျာ။
Credit to~IT4M~
0 comments:
Give Your's Feedbacks